Latest Announcement
feature-image-572

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၅၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၇)ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းတွင် ယာဉ်မောင်း ဒေါ်နန္ဒ မောင်းနှင်လာသော TOYOTA PASSO အမျိုးအစား(ခဲရောင်) ယာဉ်သည် ကာရေဗြူတာ ဆီယိုစိမ့်ရာမှ အနီးရှိအိတ်ဇောပေါ်သို့ ဆီကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၇ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် ရှေ့တာယာ(၂)လုံး၊ ရှေ့လေကာမှန်(၁)ချပ်၊ နောက်လေကာမှန်(၁)ချပ် နှင့် ကားအတွင်းခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဒေါ်နန္ဒအား မရမ်းကုန်းမြို့မရဲစခန်းမှ (ပ) ၉၈/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ