ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ...
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသက ...
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၊ နံနက် ၆ နာရီ ၁၅ မိနစ်အချိန်ခန့်က ဧရာဝတီတိုင်းဒေသက ...
On 25 August 2026, at about 6:15 a.m. a section of the Nyaungdon Kyun Embankment ...
On 10 September 2026, at approximately 7:30 a.m. a tree, fell onto a parked exca ...
On 9 September 2026, at about 8:00 a.m. a Kokkko tree fell onto the cab of a par ...
On 9 September 2026, at about 7:23 a.m, a Mezalí tree fell down on the road, and ...
On 8 September 2026, at approximately 3:55 a.m. a fire broke out at the ceiling ...
On 7 September 2026, at about 12:47 p.m, a fire broke out at a two-storey reside ...
On 25 August 2026, at about 6:15 a.m. a section of the Nyaungdon Kyun Embankment ...
သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်အနော်ရထာမင်းစော (အေဒီ-၁၀၄၄-၁၀၇၇)လက်ထက်ကပင် မီးကပ် တပ်သား (၆၆၃)ဦး(သောသောညံပုဂံမီးဆော်မောင်း)ခန့်ထားပြီး ပုဂံနေပြည်တော်၏ မီးဘေးကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါသည်။ ရှေးခေတ်မြန်မာမင်း အဆက်ဆက်လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေး အမိန့်ပြန်တမ်းများ ထုတ်ပြန်ပြီး နိုင်ငံတော်မီးဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အထောက် အထားများရှိပါသည်။ ပထမဦးဆုံးသော ရန်ကုန်မြူနီစီပါယ်မီးသတ်ကို ၁၈၈၅ခုနှစ်တွင်တည်ထောင်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန်မြူနီစီပယ်အက်ဥပဒေအရ စေတနာ့ဝန်ထမ်းမီးသတ်အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄ရခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ပညာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာန၏ အမိန့်အရ မီးဘေးတားဆီးရေးနှင့် မီးဘေးကာကွယ်ရေးကိစ္စရပ်များကိုဆောင်ရွက်ရန် မီးသတ်ဌာနကိုမီးသတ်ညွှန်ကြားရေးဝန်အပါအဝင် အရာထမ်း၊အမှုထမ်း(၂၁)ဦးတို့ဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် မီးသတ်ဝန်ထမ်းအက်ဥပဒေအမှတ်(၆)ပြဌာန်းပြီး ပြည်ထဲရေးဝန်ကြီးဌာနခွဲ၊ နိုင်ငံတော်အစိုးရမီးသတ်ဌာနတွင် ဝန်ထမ်း(၆၃၆)ဦးဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၃ ခုနှစ် မီးသတ်တပ်ဖွဲ့ဥပဒေကို အသစ်ထုတ်ပြန်ပြဌာန်းခဲ့သည်။၁၉၇၂ ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေးဖော်ထုတ်မှု အစီအစဉ်အရ အခြားဌာနများနှင့် ဝန်ထမ်း (၄၄၈)ဦး ပြောင်းရွှေ့ ရောက်ရှိလာရာဝန်ထမ်းအင်အား(၁၇၉၈)ဦးအထိတိုးတက်လာခဲ့ပြီး (၂၄)နာရီတာဝန် ထမ်းဆောင်သည့် မီးသတ်တပ်ဖွဲ့ဖြစ်လာခဲ့ပါသည်။ ၁၉၈၀ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစတင်၍ ရိက္ခာငွေများ ခံစားခွင့်ရရှိခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ဖွဲ့စည်းပုံ ကို(၂၅၈၁)ဦးအထိ အင်အားတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင်မီးသတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွှက်နိုင်ရန် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှှလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့ပါသည်။နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၁၉၉၈ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ တွင် အရာထမ်း၊အမှုထမ်း(၈၂၂)ဦးပါဝင်သော ဗဟိုမီးသတ် သင်တန်း ကျောင်းကြီးကို ဖွင့်လှစ်ခဲ့ပါသည်။၂၀၁၁ ခုနှစ်တွင် မီးသတ်စခန်းများအား ယူနစ်အဆင့်မြှင့်တင်ရန် (၇၁၆၇)ဦး ဖွဲ့စည်းပုံ တင်ပြခွင့်ပြုချက်ရရှိခဲ့ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် မီးသတ်ဦးစီးဌာနသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှ ၆-၁၁-၂၀၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် မီးသတ်ဦးစီးဌာန၏ လုပ်ငန်းလိုအပ်ချက်အရ အရာထမ်း ၇၃၅ ဦး၊ အမှုထမ်း ၂၃၈၆၄ ဦး၊ စုုစုပေါင်း ဖွဲ့စည်းပုံအင်အား ၂၄၅၉၉ ဦးဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။
မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်နှင့်သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန်။
၁။ မီးဘေးလုံခြုံရေး၊
၂။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊
၃။ ရှာဖွေကယ်ဆယ်ရေး၊
၄။ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေး