Latest Announcement
feature-image-579

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၆ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ မဉ္ဇူသကလမ်းနှင့် ဗေဒါလမ်းထောင့်တွင် ပိုင်ရှင် ဦးသန်းလွင်၏ (၁၀x၁၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း လူနေအိမ်တွင် မီးပလပ်ခုံဖြင့် (၃)မိနစ်ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး ဝါးထရံအကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာ မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၇)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၃၃ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၀x၁၄)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးခင်း လူနေအိမ်(၂၆)လုံး မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသန်းလွင်အား ရွှေပြည်သာမြို့မရဲစခန်းမှ (ပ)၁၅၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။



နောက်ဆုံးရ သတင်းများ