Latest Announcement
feature-image-582

၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံအဝှမ်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာတိုင်း‌ဒေသကြီး/ ပြည်နယ်များအလိုက် မိမိတို့ဒေသရှိ သာသနိကအဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ သွေးလှူဘဏ်များ/ ဆေးရုံကြီးများရှိ သွေးဌာနများတွင် စုပေါင်းသွေးလှူဒါန်းခြင်းစသော ပြည်သူ့အကျိုး ပြုလုပ်ငန်းများကို အသီးသီးပြုလုပ်ဆောင်ရွက်ခြင်းများကို နှစ်စဉ် အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြပါသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးတို့မှ သွေးလှူအင်အား (၁၁၃) ဦးနှင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း အင်အား (၅၅၀) ဦးတို့ဖြင့် ပြုလုပ်ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့များ၊ မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိများ၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးနှင့် ခရိုင်မီးသတ်ဦးစီးမှူးများဖြင့် တက်ရောက်ချီးမြှင့်ခဲ့ပြီး၊ သွေးလှူဒါန်းသည့် သန္ဓေ/အရန်မီးသတ် တပ်ဖွဲ့ဝင်များအား အားဖြည့်အစာအဟာရများဖြင့် ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးရုံဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများသန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ