Latest Announcement
feature-image-580

၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့၊ နံနက် ၃ နာရီ ၅ မိနစ် အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဘုရားပြိုကျေးရွာအုပ်စု၊ ဘုရားပြို(မြောက်)ကျေးရွာတွင် ပိုင်ရှင် ဦးဉာဏ်လင်း၏ (၁၈x၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း(၂)ထပ် နေအိမ်တွင် မီးပလပ်ခုံဖြင့် အပူလွန်ကဲရာမှ မီးပွားထွက်ပြီးအနီးရှိ ထရံကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မကွေးတိုင်းမီးသတ်ဦးစီးမှူးရုံး၊ မကွေးမြို့နယ်မီးသတ်စခန်း၊ ကံပြားနယ်မြေမီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များသည် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၈x၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း(၂)ထပ် နေအိမ် (၂)လုံး၊ (၂၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး၊(၂၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း မြေစိုက် နွားတင်းကုတ်(၁)လုံး၊ စုစုပေါင်းနေအိမ်(၃)လုံး၊ နွားတင်းကုတ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဉာဏ်လင်းအား မကွေးမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းမှ (ပ)၇၀/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ