Latest Announcement
feature-image-568

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၄၃ မိနစ်ခန့်က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ ဘီလှိုင်ရပ်၊ ဝတ်ကြီးလမ်းတွင် အိမ်ရှင် ဦးဟုတ်ဝမ်၏ (၅၀x၁၅)ပေ၊ RC (၂)ထပ် တိုက် အပေါ်ထပ်တွင် ယာယီသွယ်တန်းထားသောကြိုးဖြင့် အဲယားကွန်းအသုံးပြုရာမှ ကြိုးကာဗာများ အပူလွန်ကဲပြီး အနီးရှိ အဝတ်အထည်များသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မော်လမြိုင်ခရိုင်/မြို့နယ်/နယ်မြေမီးသတ်စခန်း၊ မြိုင်သာယာနယ်မြေမီးသတ်စခန်းနှင့် ရွှေမြိုင်သီရိနယ်မြေ မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့သည် မီးငြှိမ်းသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ် (၆)စီး၊ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအသင်းမှ ရေသယ်ယာဉ်(၄)စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၅၀x၁၅)ပေ၊ RC (၂)ထပ်တိုက်အပေါ်ထပ်ရှိ (၁၅x၂၀)ပေ အခန်း(၁)ခန်း၊ အဲယားကွန်း(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဦးဟုတ်ဝမ်အား မော်လမြိုင်မြို့မရဲစခန်းမှ (ပ)၃၇/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ