Latest Announcement
feature-image-575

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့၊ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့၊ အမှတ်(၁)အောင်မင်္ဂလာရပ်ကွက်တွင် အိမ်ရှင် ဒေါ်မြသန်းနု၏ (၃၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်နံကပ်၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် ရေခဲသေတ္တာ Safe Guard အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဝမ်းတွင်းမြို့နယ်မီးသတ်စခန်းနှင့် သဲတောနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၃၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်နံကပ်၊ ပျဉ်ခင်း(၂)ထပ်နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဒေါ်မြသန်းနုအား ဝမ်းတွင်းမြို့မရဲစခန်းမှ (ပ)၄၁/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ