Latest Announcement
feature-image-574

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့၊ နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်၊ မြို့မ(၂)ရပ်၊ မြခွာညိုလမ်းတွင် အိမ်ရှင် ဦးထွန်းဦး၏ (၂၀x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ အုတ်ညှပ်(၂)ထပ်နေအိမ်၏ အပေါ်ထပ်ဘုရားစင်တွင် လျှပ်စစ်မီးပူဇော်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြိတ်ခရိုင်/မြို့နယ်မီးသတ်စခန်းနှင့် မြိတ်မြို့နယ်အရန်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၆)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၂၀x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ အုတ်ညှပ်(၂)ထပ်နေအိမ်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဦးထွန်းဦးအား မြိတ်မြို့မရဲစခန်းမှ (ပ)၆၃/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။



နောက်ဆုံးရ သတင်းများ