Latest Announcement
feature-image-569

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ကံဦးကျေးရွာအနီး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၅၇/၃)နှင့် (၂၅၇/၄)ကြားတွင် နေပြည်တော်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးမင်းမင်းသန့် မောင်းနှင်လာသော ယာဉ်အမှတ် YGN-44 5F-5000 Lexus CYGNUS အမျိုးအစား (အနက်ရောင်)ယာဉ်သည် မောင်းနှင်လာစဉ် ရှေ့ယာဘက်ဘီးပွင့်ကာ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းအားကျော်၍ တစ်ဖက်ယာဉ်ကြောအတွင်း ရောက်ရှိတိမ်းမှောက်ရပ်တန့်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေပင်လေးအမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ အချိန်တွင် ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ကျား(၃)ဦးနှင့် မ(၄)ဦး စုစုပေါင်း(၇)ဦးအနက် ကျား(၁)ဦး(သေဆုံး)၊ ကျား(၂)ဦးနှင့် မ(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာမြို့နယ်ပြည်သူ့ ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် YGN-44 5F-5000 Lexu CYGNUS အမျိုးအစား (အနက်ရောင်) ယာဉ်၏ ခေါင်းခန်းနှင့်ဘေးခြမ်းများ ပိန်ချိုင့်ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်အား ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း ဦးမင်းမင်းသန့်အား ပေပင်လေးအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ) ၂ /၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။