Latest Announcement
feature-image-578

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့၊ နေ့လည် ၃ နာရီ အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အုတ်ဖို(၂)ရပ်ကွက်၊ မှတ်တိုင်လမ်းတွင် ပိုင်ရှင် ဦးသိန်းဇော်၏ (၁၅x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်တွင် ရေမော်တာဖြင့် ရေတင်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပြည်ခရိုင်မီးသတ်စခန်း၊ ပေါင်းတည်မြို့နယ်မီးသတ်စခန်း၊ နတ္တလင်းမြို့နယ်မီးသတ်စခန်း၊ ဇီးကုန်းမြို့နယ်မီးသတ်စခန်း၊ သဲကုန်းမြို့နယ်မီးသတ်စခန်းနှင့် ပေါင်းတည်မြို့နယ်အရန်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၁)စီး၊ ရေသယ်ယာဉ် (၉)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လည် ၃ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၅x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်(၄)လုံး၊ (၂၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ (၁)ထပ် နေအိမ်(၁)လုံး၊ (၃၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ဂိုဒေါင်(၁)လုံး စုစုပေါင်း နေအိမ်(၅)လုံးနှင့် ဂိုဒေါင်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသိန်းဇော်အား ပေါင်းတည်မြို့မရဲစခန်းမှ (ပ)၁၆၀/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ