Latest Announcement
feature-image-554

၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့၊ နံနက် ၉ နာရီ ၄၀မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ရွှေပြည်သာတံတားလမ်း၊ တိုက်အမှတ်(A-12B)၊ တိုက်ခန်း အမှတ်(၃၀၂/B)ရှိ ပိုင်ရှင် ဦးနေအောင်ကို အိမ်ငှား ဦးစိုင်းကျော်ဦး၏ (၄၀x၂၀)ပေ၊ RC (၂)ခန်းတွဲ (၄)ထပ်အဆောက်အဦ၏ (၄)ထပ်မြောက်(ဘယ်)ရှိ (၁၀x၁၀)ပေ အိပ်ခန်းအတွင်းတွင် Power Bank အားသွင်းထားရာမှ Battery ပွင့်၍ မွေ့ယာသို့မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြိှမ်းသတ်ယာဉ်(၄)စီး၊‌ ရေသယ်ယာဉ်(၁)စီး၊ ကနောင်လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ Super Myanmarမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီတွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၃x၆)ပေ၊ အထူ(၆)လက်မခန့် မွေ့ယာ(၁)လုံး၊ Air Con CHIGO (Indoor)(၁)လုံး၊ Power Bank(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဦးစိုင်းကျော်ဦးအား အင်းစိန်မြို့မရဲစခန်းမှ (ပ)၂၈၄/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။