Latest Announcement
feature-image-551

၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီ ၁ မိနစ်ခန့်က ရန်ကုန်တိုင်း‌ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်ပွဲရုံဝန်း၊ ကံ့ကော်(၁)လမ်းသွယ်တွင် ယာဉ်မောင်း ဦးဇော်ဇော်နိုင်၏ NISSAN I ZONE အပြာရောင်(၆)ဘီး ကုန်တင်ယာဉ်သည် စက်နှိုးထားစဉ် အင်ဂျင်ဂါဗနာတက်၍ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွား‌ကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပွဲရုံသီးသန့်မီးသတ် တပ်ဖွဲ့များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်(၅)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၉ မိနစ်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် NISSAN I ZONE အပြာရောင်(၆)ဘီး ကုန်တင်ယာဉ်၏ ရှေ့ခေါင်းခန်းနှင့် လေကာမှန်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးဇော်ဇော်နိုင်အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ (ပ)၄၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။