Latest Announcement
feature-image-547

၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့၊ နံနက် ၁၁ နာရီ ၅၂ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ စက်ရုံလမ်း၊ ဂျပန်တံတားအဆင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မှ လသာမြို့နယ်သို့ ယာဉ်မောင်း ဦးစိုးမိုးအောင် မောင်းနှင်လာသော YBS ယာဉ်လိုင်းအမှတ်(၁၃၄)၊ HYUNDAI အမျိုးအစား(အဝါရောင်)ယာဉ်အား ပုဇွန်တောင်မြို့နယ်မှ မင်္ဂလာဈေးသို့ ယာဉ်မောင်း ဦးထွန်းအောင် မောင်းနှင်လာသော TOYOTA ESTIMA အမျိုးအစား(အဖြူရောင်)ယာဉ်သည် နောက်မှဝင်ရောက်တိုက်မိ၍ YBS ယာဉ်တိမ်းမှောက်ကာ ဓာတ်ဆီ ယိုစိမ့်ပြီး အိတ်ဇောပေါ်သို့ကျရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွား‌ကြောင်း သတင်းရရှိသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၄)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၂ နာရီ ၀၁ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် HYUNDAI(အမျိုးအစား) YBS ယာဉ်၏ တာယာ(၅)လုံး၊ ကားအတွင်းခန်း၊ အင်ဂျင်၊ ဂီယာဘောက်၊ ရေတိုင်ကီနှင့် ကားမှန်များ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်ပေါ်ပါ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး(၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား သပြေကုန်းပရဟိတအသင်း၊ ရှင်သန်ရေးပရဟိတအသင်း၊ မေတ္တာပီတပရဟိတအသင်းယာဉ်များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး၊ ယာဉ်မောင်း ဦးထွန်းအောင်အား မင်္ဂလာတောင်ညွန့်မြို့နယ်ရဲစခန်းမှ ယာဉ်(ပ)၂/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/၃၃၇/၂၇၉/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။