Latest Announcement
feature-image-494

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့၊ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၅၈)ရပ်ကွက်၊ ဦးဘဉာဏ်လမ်းတွင် ပိုင်ရှင် ဦးကျော်လင်းစိုး၏ (၇၀x၄၀)ပေ၊ Steel Structure (၂)ထပ်ခွဲ “ Remember Bar ” စားသောက်ဆိုင်၏ မြေညီထပ်ရှိ (၁၅x၁၅)ပေ၊ Stage စင်တွင် မီးဆိုင်းပြုပြင်ရန် ဝရိန်ဆော်ရာမှ အသံလုံဖော့များပေါ်သို့ မီးပွားကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၃)စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၇ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် Bass Drum (၃)လုံး၊ Djစက်(၁)လုံး၊ ဆောင်းဘောက်(၁၀)လုံး၊ အလှမီးလုံး (၁၀)လုံး၊ မိုက်(၂)လုံး မီးလောင်ခံရပြီး ဝရိန်ဆော်သည့် အလုပ်သမား ဦးချစ်ကိုဦးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့မရဲစခန်းမှ (ပ) ၃/ ၂၀၂၄ ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။