Latest Announcement
feature-image-491

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၊ နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ရွှေမြင့်မိုရ်လမ်းရှိ ပိုင်ရှင် ‌ဒေါ်ဆွေဆွေထွန်း၏ “စမ်းမေတ္တာ” အမှုန့်ကြိတ်စက် (၄၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း(၁)ထပ် အဆောက်အဦတွင် မီးပျက်ပြီး မီးပြန်လာစဉ် အမှုန့်ကြိတ်စက်မှ မိန်းခလုတ်အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေဘိုခရိုင်/မြို့နယ်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ယာဉ်(၄)စီး၊ စက်မှုဇုန်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ အမှတ်(၁၀)အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး စုစုပေါင်း အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ယာဉ်(၇)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၄၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း(၁)ထပ် အဆောက်အဦ၏ အမိုးများ၊ ဖွဲအိတ်(၅၀၀)ခန့် မီးလောင်ခံရပြီး ပိုင်ရှင်ဒေါ်ဆွေဆွေထွန်းအား ရွှေဘိုမြို့နယ်မြို့မရဲစခန်းမှ (ပ)၃၃၀/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရှိရပါသည်။