Latest Announcement
feature-image-490

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၊ မြောက်မင်းတည်းရပ်ကွက်၊ ကမ်းနားလမ်း၊ Royal Moe တည်းခိုခန်းတွင် ပိုင်ရှင် ဒေါ်မို့မို့ဦး၏ (၃၆x၅၄)ပေ၊ တိုက်ခံ၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂)ထပ် တည်းခိုခန်း(တည်းခိုသူမရှိ) အပေါ်ထပ်ရှိ စားပွဲပေါ်တွင် ခြင်ဆေးခွေမီးထွန်းညှိထားရာမှ ဒန်းလော့မွေ့ရာပေါ်သို့ ခြင်ဆေးခွေ ပြုတ်ကျပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သရက်ခရိုင်မီးသတ်စခန်းမှ သန္ဓေတပ်ဖွဲ့ဝင်များနှင့် သုခရတနာလူမှုကူညီရေးအသင်းတို့မှ မီးသတ်ယာဉ်(၈)စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၈ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၃၆x၅၄)ပေ၊ တိုက်ခံ၊ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ(၂)ထပ် တည်းခိုခန်း (တည်းခိုသူမရှိ) အပေါ်ထပ်နှင့် ကုတင်၊ မွေ့ရာများ မီးလောင်ခံရပြီး တာဝန်ခံမန်နေဂျာ ဦးသက်နိုင်အောင် အား သရက်မြို့မရဲစခန်းမှ (ပ)၈/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရှိရပါသည်။