Latest Announcement
feature-image-313

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဇ/တောင်)ရပ်ကွက်၊ ပြည်သာယာလမ်းသွယ်(၂)ရှိ ပရိယတ္တိပဋိပတ္တိ မူလဆယ်တောင်ပြည့်ကျောင်းတိုက်တွင် ၂၆.၃.၂၀၂၃ ရက်နေ့၊ ၀၉ ၂၈ အချိန်ခန့်က (၇၀x၂၀)ပေ၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး(၁)ထပ် ကိုရင်အိပ်ဆောင်တွင် နံရံကပ်ပန်ကာဖွင့်ထားပြီး မေ့ကျန်ခဲ့ရာမှ ပန်ကာမော်တာဂျန့်ဖြစ်ကာ အပူလွန်ကဲ၍ အောက်ရှိအိပ်ယာခင်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ ၀၉ ၃၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ တောင်ဉက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၃၆)ဦး၊ အရန်(၁၅)ဦး တို့သည် ရေဂါလန်(၅၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၄၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၇၀x၂၀)ပေ၊ ပျဉ်ထောင်၊ ပျဉ်ခင်း၊ သွပ်မိုး(၁)ထပ် ကိုရင်အိပ်ဆောင် အဆောက်အဦ(၁)လုံးနှင့် အတွင်းပစ္စည်းများ၊ အိပ်ဆောင်ဘေးတွင် ရပ်ထားသော ကား(၂)စီး၏ တာယာ(၄)လုံးနှင့် ကားထိုင်ခုံကူရှင်အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဘုန်းကြီးကျောင်းသား ဦးစိုးသိန်းအား သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ (ပ)၁၁၈/၂၀၂၃၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရပါသည်။