Latest Announcement
feature-image-288

ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ အောင်ရတနာလမ်းတွင် ၂.၃.၂၀၂၃ ရက်နေ့၊ ၀၄ ၃၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်ရမ်ဘီ(ခ)ဒေါ်ဘေဘီ၏ (၇၅x၅၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း၊ ထပ်ခိုးပါ(၆)ခန်းတွဲ(၁)ထပ် “သစ်သားသေတ္တာပုံးရိုက်ခြင်း လုပ်ငန်း” အဆောက်အဦတွင် စားပွဲတင်ပန်ကာ အပူလွန်ကဲပြီး အနီးရှိ အဝတ်အထည်နှင့်ကတ်ထူစက္ကူများပေါ်သို့ မီးပွားကျရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း လမ်းမတော်မြို့နယ်မီးသတ်စခန်းမှ ၀၄ ၄၀ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ် (၆)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂၅)စီး၊ မီးသတ်ရေသယ်ယာဉ်(၁၄)စီး၊ အထောက်အကူပြုယာဉ်(၇)စီး၊ သန္ဓေ(၂၅၈) ဦး၊ အရန်(၅၂)ဦးတို့ဖြင့် ရေဂါလန်(၁၀၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅ ၄၄ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၇၅x၅၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း၊ ထပ်ခိုးပါ (၆)ခန်းတွဲ(၁)ထပ် (၃)လုံး၊ (၈၂x၅၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ကွန်ကရစ်ခင်း၊ ထပ်ခိုးပါ(၇)ခန်းတွဲ(၁)ထပ် (၁)လုံး၊ စုစုပေါင်း အဆောက်အဦ(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ရမ်ဘီ(ခ) ဒေါ်ဘေဘီအား လမ်းမတော်မြို့မရဲစခန်းမှ (ပ)၉/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။