Latest Announcement
feature-image-11

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၉)ရပ်ကွက်၊ သက်သာပန်းတောင်ရပ်တွင် ၂၆.၃.၂၀၂၂ ရက်နေ့၊ ၁၄ ၁၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်လွင်၏ (၂၇x၂၇)ပေ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ထပ် နေအိမ်တွင် လျှပ်စစ်မိန်းခုံ အပူလွန်ကဲရာမှ စတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ရွှေဘိုမြို့နယ် မီးသတ်စခန်းမှ ၁၄ ၁၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အမှတ်(၁)(၉) (၁၀)အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေ(၂၄)ဦး၊ အရန်(၁၅)ဦးတို့သည် ရေဂါလန် (၁၀၄၀၀)ခန့်အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၁၄ ၃၅အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၇x၂၇)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်(၁)လုံး၊ (၁၀x၁၅)ပေ၊ သွပ်မိုး၊ သံဇကာကာ၊အုတ်ခင်း ရေသန့်ထားရှိရာ (၁)ထပ်အဆောက်အဦ(၁)လုံးနှင့် (၁၅x၂၁)ပေ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဒေါ်လွင်အား ရွှေဘိုမြို့မရဲစခန်းမှ (ပ)၆၁/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။