မီးဖိုအသုံးပြုလျှင်
- ၁။ လူစောင့်ထားပါ။
- ၂။ လောင်စာမီးအားကိုလိုအပ်သည်ထက်ပိုမသုံးပါနှင့်။
- ၃။ မီးကြွင်းမီးကျန်များငြှိမ်းသတ်ပါ။
- ၄။ မီးဖိုနှင့်အမိုး၊နံရံအကြားအပူခံအကာအရံများထားပါ။
- ၅။ ဆီအိုးတည်ပြီးအမေ့ပါနှင့်။
ဘုရားမီး၊အမွှေးတိုင်မီးပူဇော်လျှင်
- ၁။ အပူခံခွက်ပြားပေါ်တွင်ခိုင်မြဲအောင်ထွန်းပါ။
- ၂။ အမိုးနံရံနှင့်မနီးကပ်ပါစေနှင့်။
- ၃။ ဘုရားပန်းခြောက်များ၊ပလပ်စတစ်အိတ်စများနှင့်နီးကပ်စွာမထားပါနှင့်။
မိမိနေအိမ်တွင်မီးဘေးအန္တရာယ်ကင်းစေရန်
- ၁။အိမ်နှင့်ခြံ၀င်းအတွင်း အမှိုက်သရိုက်များကို ရှင်းလင်းဖယ်ရှားထားပါ။
- ၂။ မီးချိတ်၊မီးကပ်၊သဲပုံး၊လှေကားများကိုစနစ်တကျထားရှိပါ။
- ၃။ မီးငြိမ်းသတ်ရန်သီးသန့်ရေလှောင်ထားပါ။
- ၄။ မီးသတ်ဆေးဘူးများလုံလောက်စွာဆောင်ထားပါ။
- ၅။ လောင်စာဆီများမသိုလှောင်ပါနှင့်။
- ၆။ လောင်စာဆီအနီးမီးခြစ်ခြင်း၊ဖယောင်းတိုင်ထွန်းခြင်းမပြုလုပ်ပါနှင့်။
- ၇။ခြင်ဆေးခွေ၊အမွှေးတိုင်၊ဖယောင်းတိုင်များကို မီးမလောင်နိုင်သော ေအာက်ခံခွက် မပါပဲ အသုံးမပြုပါနှင့်။
- ၈။ လူစောင့်မရှိဘဲဖယောင်းတိုင်၊မီးခွက်ထွန်းမထားပါနှင့်။
- ၉။ ဆေးလိပ်များကိုမီးငြိမ်းပြီးမှစွန့်ပစ်ပါ။
အထပ်မြင့်တိုက်များမီးလောင်လျှင်
- ၁။ ခုန်မချပါနှင့်။
- ၂။ မကြောက်ပါနှင့်။
- ၃။ စိတ်ငြိမ်ငြိမ်ထားပါ။
- ၄။ အရေးပေါ်ထွက်ပေါက်၊အရေးပေါ်လှေကားမှဘေးလွတ်ရာသို့ထွက်ခွာပါ။
- ၅။ နီးစပ်ရာမီးသတ်စခန်းသို့အမြန်ဆုံးအကြောင်းကြားပါ။