Latest Announcement
feature-image-37

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၈)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ်(၇၅)တွင် ၁၁.၄.၂၀၂၂ ရက်နေ့၊ ၀၀ ၄၅ အချိန်ခန့်က ပိုင်ရှင် ဦးစိုးဇော်ဝင်း၏ (၂၀x၅၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း (၁)ထပ်နေအိမ်တွင် ဖယောင်းတိုင်မီးထွန်းထားစဉ် ဖယောင်းတိုင်မီးလဲကျရာမှ အနီးရှိ အဝတ်အစများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ ၀၀ ၅၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၅)စီး၊ ရေသယ်ယာဉ် (၂)စီး၊ သန္ဓေ (၃၅)ဦး၊ အရန် (၂၀)ဦးတို့သည် ရေဂါလန်(၁၂၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၁ ၀၇ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၅၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း (၁)ထပ်နေအိမ် အဆောက်အဦနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးစိုးဇော်ဝင်းအား ရွှေပြည်သာမြို့မရဲစခန်းမှ (ပ)၈၃/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။