Latest Announcement
feature-image-586

၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့၊ နံနက် ၀၀ နာရီ ၁၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ ကျွဲလည်ပင်းရပ်တွင် ပိုင်ရှင် ဦးသက်နိုင်ဇော်၏ ပါဝါအီလက်ထရောနစ်ဆိုင်၏ အနောက်ဘက်ရှိ (၃၀x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ(၁)ထပ် အလုပ်သမားတန်းလျားတွင် ခြင်ဆေးခွေမီးထွန်းထားရာမှ အနီးရှိစောင်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာစည်မြို့နယ်မီးသတ်စခန်း၊ လှိုင်းတတ်နယ်မြေမီးသတ်စခန်းနှင့် ဇေယျသုခလူမှုကူညီရေးအသင်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၂ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၃၀x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ(၁)ထပ် အလုပ်သမားတန်းလျား (၁)လုံး၊ (၂၄x၂၄)ပေ၊ သွပ်မိုး၊ နံကပ်၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး၊ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အလုပ်သမား မမြမြဝင်းအား သာစည်မြို့ မြို့မရဲစခန်းမှ (ပ) ၄၃ /၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ