Latest Announcement
feature-image-93

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အမှတ်(၁၀)တွင် ၂၁.၆.၂၀၂၂ ရက်နေ့၊ ၀၁ ၃၂ အချိန်ခန့်က ပိုင်ရှင် ဦးနိုင်ဝင်းသန်း(ခ)ကုလားဖြူ၏ (၂၀x၅၀)ပေ၊ RC(၃)ထပ်တိုက်ရှိ အပေါ်ဆုံးထပ် (၁၀x၁၀)ပေ အခန်းအတွင်း Air Con Safeguard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ ၀၁ ၃၇ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၄)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ သန္ဓေ(၇၅)ဦး၊ အရန်(၂၀)ဦးတို့ဖြင့် ရေဂါလန်(၆၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၁ ၅၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၀x၁၀)ပေ အခန်းအတွင်းရှိ Fujitus Air Con (၁)လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးနိုင်ဝင်းသန်း (ခ)ကုလားဖြူအား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ (ပ)၂၈၇/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။