Latest Announcement
feature-image-502

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့၊ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်တိုင်း‌ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ က္ကန္ဒာ(၁၂)လမ်းတွင် ပိုင်ရှင် ဒေါ်သင်းသင်းခိုင်၏ (၂၀x၆၀)ပေ၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း၊ (၁)ထပ်နေအိမ်တွင် ဖိနပ်ကော်အား ဓာတ်ဆီဖြင့်ရော၍ မော်တာဖြင့် မွှေနေစဥ် မော်တာဂျန့်ဖြစ်ပြီး ရောမွှေထားသောပုံးအတွင်း မီးပွားကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြောက်ဥက္ကလာပမြို့နယ်မီးသတ်စခန်း၊ ရွှေပေါက္ကံမြို့နယ်မီးသတ်စခန်းနှင့် ဝေဘာဂီနယ်မြေ မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် (၁၄)စီး၊ အထောက်အကူပြုယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၂၀x၆၀)ပေ၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း၊ (၁)ထပ် နေအိမ်(၂)လုံး၊ (၂၀x၆၀) ပေ၊ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း(၂)ထပ်နေအိမ် (၁)လုံး၏ အပေါ်ထပ်၊ EV (Electric Vehicle)(အဖြူရောင်)ယာဉ် (၁)စီး၊ TOYOTA BB (ဇီးရောင်)ယာဉ် (၁)စီး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင်ဒေါ်သင်းသင်းခိုင်အား မြောက်ဥက္ကလာပမြို့မရဲစခန်းမှ (ပ)၃၉/၂၀၂၄ ရာဇသတ်ကြီးဉပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ