
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ၁၀၁လမ်း (သိပ္ပံလမ်း)(၇၃x၇၈)လမ်းကြားတွင် ၂၂.၆.၂၀၂၂ ရက်နေ့၊ ၁၂ ၃၉ အချိန်ခန့်က မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီပိုင် ဆင်ဖြူကန်ကွင်းရှိ (၈၀x၈၀)ပေ၊ သွပ်မိုး၊ နံကပ်၊ ပျဉ်ခင်း(၁)ထပ် “စင်တင်တေးဂီတ” (ဆိုင်အဟောင်း)အတွင်း ဝင်ရောက်နေထိုင်လျက်ရှိသည့် စိတ်ပေါ့သွပ်သူ (အမည်မေးမရ) အမျိုးသမီး(၁)ဦးသည် ၎င်း၏အဝတ်အစားများကို ဂက်စ်မီးခြစ်ဖြင့် မီးပုံရှို့ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ ၁၂ ၄၀ အချိန် သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂၀)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ သန္ဓေ(၅၀)ဦး၊ အရန်(၁၀၀)ဦးတို့သည် ရေဂါလန် (၁၆၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၃ ၀၄ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၈၀x၈၀)ပေ၊ သွပ်မိုး၊ နံကပ်၊ ပျဉ်ခင်း(၁)ထပ် “စင်တင်တေးဂီတ” (ဆိုင်အဟောင်း)၊ (၃၀x၃၅)ပေ၊ သွပ်မိုး၊ မြေစိုက်(၁)ထပ် “ပါးချိုင့်လေး” လက်ဖက်ရည်ဆိုင်နှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်ဟောင်းအတွင်း နေထိုင်သူ စိတ်ပေါ့သွပ်သူ(အမည်မေးမရ) အမျိုးသမီးအား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်းမှ (ပ)၁၄၈/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။