Latest Announcement
feature-image-91

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ထားဝယ်စုရပ်ကွက်၊ ကျောက်မီးသွေးလမ်းတွင် ၁၇.၆.၂၀၂၂ ရက်နေ့၊ ၁၄ ၁၅ အချိန်ခန့်က ယာဉ်မောင်း ဦးဂင်လိုက်မောင်းနှင်လာသော TOYOTA ခဲရောင်ယာဉ်သည် ကားရပ်နားရန်အတွက် လမ်းဘေးသို့ကပ်ရာမှ ရှေ့ယာဘက်ဘီး ရေနုတ်မြောင်း အတွင်း ကျွံကျမှုဖြစ်ပွားကြောင်း မြိတ်ခရိုင်မီးသတ်စခန်းမှ ၁၄ ၂၀ အချိန် သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေ(၁၁)ဦးတို့ဖြင့် သွားရောက်ကူညီဆောင်ရွက် ခဲ့ရာ ၁၄ ၄၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါသည်။အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိပါ။