
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ကြည်စေတနာလမ်း၊ အမှတ် (၉၀၉)တွင် ၂၈.၃.၂၀၂၂ ရက်နေ့၊ ၀၉ ၀၀ အချိန်ခန့် ပိုင်ရှင် ဒေါ်ချိုချိုဝင်း၏ (၈x၂၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း(၁)ထပ် လူနေအိမ်တွင် မီးဖိုမီးကြွင်းမီးကျန်မှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ ၀၉ ၀၆ အချိန်သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၁)စီး၊ ရေသယ်ယာဉ်(၄)စီး၊ သန္ဓေ(၁၁၀)ဦး၊ အရန်(၃၉)ဦးတို့ဖြင့် ရေဂါလန်(၈၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၂၂ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၈x၂၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်(၄)လုံးနှင့်(၁)ခြမ်း၊ (၈x၂၀)ပေ၊ အုတ်ညှပ်(၂)ထပ် တိုက်၏ အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ချိုချိုဝင်း၏ သမီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းအား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ (ပ)၁၉၀/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။