Latest Announcement
feature-image-757

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့၊ နံနက် ၁၁ နာရီ ၇ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်အပိုင်း(၂)၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်း၊ အမှတ်(၄၆/၄၇)ရှိ GENERAL PAINT သင်္ဘောဆေးစက်ရုံဝန်းအတွင်း ပိုင်ရှင် ဒေါ်ဖြူဖြူခင်၏ (၅၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် LED မီးလုံးအား လျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်း၊ အင်းစိန်မြို့နယ်မီးသတ်စခန်းနှင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များသည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၇)စီး၊ အထောက်အကူပြု ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် (၅၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် စက်ရုံကြီးကြပ်ရေးမှူး ဦးတင်ယုံအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းမှ (ပ)၁၇၃၂/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။



နောက်ဆုံးရ သတင်းများ