၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၁၀ နာရီ ၁၇ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်းရှိ “KK-Naing” ဂက်(စ်)နှင့် ဆက်စပ်ပစ္စည်းရောင်းဝယ် ရေးဆိုင် (၂၀x၃၅)ပေ၊ သွပ်မိုး၊ အထပ်သားကာ၊ ကွန်ကရစ်ခင်းအဆောက်အဦတွင် ဂတ်(စ်)အိုးအကြီးမှ အသေးသို့ ဂတ်(စ်)ဖလှယ်ပြီး ဂတ်(စ်)အိုးအကြီးအား သေချာပြန်မပိတ်ခဲ့ရာမှ အခန်းအတွင်းဂတ်(စ်)များ ပြန့်နေစဉ် ဂတ်(စ်)အိုးခေါင်းအား မော်တာ(ကော်ပတ်ပါ)ဖြင့် သန့်ရှင်းရေးပြုလုပ်နေစဉ် မော်တာမီးပွားထွက်၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ် (၁၂)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ အထောက်အကူပြုယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် (၂၀x၃၅)ပေ၊ သွပ်မိုး၊ အထပ်သားကာ၊ ကွန်ကရစ်ခင်းအဆောက်အဦ (၂)လုံး၊ (၁၀x၃၅)ပေ၊ သွပ်မိုး၊ အထပ်သားကာ၊ ကွန်ကရစ်ခင်းအဆောက်အဦ (၄)လုံး၏ ထပ်ခိုးများ၊ အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး၊ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ကြက်ခြေနီအသင်းယာဉ်ဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ဂတ်(စ်)ဆိုင်ဝန်ထမ်း ဇင်ကိုအောင်(ခ)ရှက်မင်းအား သာကေတမြို့မရဲစခန်းမှ (ပ)၅၄၄/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။