၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၄ နာရီ ၂၂ မိနစ်အချိန်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ တောင်ကြီး-ရွှေညောင် ပြည်ထောင်စုလမ်းမကြီး၊ အောင်သပြေတိုးဂိတ် အနီးတွင် တောင်ကြီးမှ ပင်ဖြစ်ရွာသို့ ယာဉ်မောင်း ဦးမောင်ဦး မောင်းနှင်လာသော ယာဉ်အမှတ် MITSUBISHI CANTER အမျိုးအစား (၆)ဘီး (အဖြူရောင်)ယာဉ်သည် မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်တွင် ရပ်ထားသော HINO(၂၂)ဘီး ကုန်တင်ယာဉ်အား နောက်မှဝင်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ကြီးမြို့နယ်မီးသတ်စခန်းနှင့် ရွှေညောင်နယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၃၀ မိနစ် အချိန်တွင် ပြီးစီးပါသည်။အဆိုပါယာဉ်တိုက်မှုကြောင့် MITSUBISHI CANTER အမျိုးအစား (၆)ဘီး ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား(၄)ဦး၊ အမျိုးသမီး(၉)ဦး စုစုပေါင်း (၁၃)ဦးအနက် အမျိုးသား(၄)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး(၃)ဦး (သေဆုံး)၊ အမျိုးသမီး(၆)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မဟာဝီရရက္ခိတ လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးမောင်ဦးအား ရွှေညောင်နယ်မြေရဲစခန်းမှ ယာဉ်(ပ)၂၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။