Latest Announcement
feature-image-533

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဆေးရုံရပ်ကွက်၊ သရက်ခြံ(၇)လမ်းတွင် ပိုင်ရှင် ဦးမောင်မြင့်၏ (၂၅x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် ဖယောင်းတိုင်မီးထွန်းထားရာမှ လဲကျပြီး အနီးရှိ အဝတ်ပုံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဖြူးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၄)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းပါသည်။

အဆိုပါမီးလောင်မှုကြောင့် (၂၅x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်(၁)လုံး၊ (၁၅x၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်(၁)လုံး၊ (၂၅x၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမောင်မြင့်အား ဖြူးမြို့နယ်ရဲစခန်းမှ(ပ)၃၇/၂၀၂၄ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။