
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၈၄/၁) နှင့် (၂၈၄/၂) ကြားတွင် ၂၃.၃.၂၀၂၃ ရက်နေ့၊ ၀၅ ၁၀ အချိန်ခန့်က နေပြည်တော်မှ မန္တလေးသို့ ယာဉ်မောင်း အောင်ကိုကိုမောင်းနှင်လာသော ယာဉ်အမှတ် MGY/2R – 1110 SOJEN အမျိုးအစား (အဖြူရောင်ယာဉ်)သည် ယာဉ်မောင်းအိပ်ငိုက်ပြီး တိုးဂိတ်လော့ဒေါင်း ညအိပ်ရပ်နားထားသော ယာဉ်အမှတ် YGN/5J – 9481 NISSAN Condor အမျိုးအစား(အဝါရောင်)ယာဉ်အား နောက်မှ ဝင်တိုက်မှု ဖြစ်ပွားကြောင်း သီးကုန်းအမြန်လမ်းမီးသတ်စခန်း ၀၅ ၁၅ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ သန္ဓေ(၅)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များဆောင်ရွက်ခဲ့ရာ ၀၆ ၃၀ အချိန်ပြီးစီး ပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် YGN/5J – 9481 NISSAN Condor အမျိုးအစား (အဝါရောင်) ယာဉ်၏ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ကျား(၂)ဦးတို့မှာ ထိခိုက်ဒဏ်ရာမရရှိပါ။ MGY/2R – 1110 SOJEN အမျိုးအစား (အဖြူရောင်ယာဉ်)၏ ယာဉ်မောင်းပါ ကျား(၉)ဦး၊ မ(၁၃)ဦး စုစုပေါင်း (၂၂)ဦးအနက် ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိမှုမရှိ၊ ကျား(၂)ဦး(သေဆုံး)၊ ကျား(၆)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ မ(၁၃)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား 192 သူနာတင်ယာဉ်နှင့်ပြည်သာယာလူငယ်ပရိဟတ အသင်းသူနာတင်ယာဉ်တို့ဖြင့် မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း အောင်ကိုကိုအား သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၅/၂၀၂၃ ရာဇသတ်ကြီးဉပဒေ ပုဒ်မ ၃၃၇/၃၃၈/၃၀၄(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။