Latest Announcement
feature-image-291

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ စစ်တွေရွှေမင်းဂံကားလမ်း၊ ဆီဆိုင်တန်းတွင် ၄.၃.၂၀၂၃ ရက်နေ့၊ ၁၁ ၅၅ အချိန်ခန့်က ပိုင်ရှင် ဦးအေးကျော်၏ (၄၅x၃၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက် ဆီသိုလှောင်ရုံတွင် အလုပ်သမား မောင်ခင်လှ(ခ)ငယ်ချေသည် အောက်တိန်းဆီပေပါအား အခြားဆီပေပါသို့ ဆီဖလှယ်ရန်ဆီဂေါက်တံဖြင့်ဖွင့်ရာတွင် ဆီဂေါက်တံမှာ ချော်ထွက်ပြီး မီးပွင့်ထွက်ကာ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ရခိုင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ၁၁ ၅၇ အချိန် သတင်းရရှိသဖြင့် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၆)စီး၊ ဒကစ(စစ်တွေ)မှ ရေသယ်ယာဉ်(၁)စီး၊ လစရ(၉)မှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၄၀)ဦး၊ အရန်(၁၅)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးသတ်ဆေးဘူး 2Kg (၁၅)လုံး၊ အမြှုပ်ဆေးရည်(၁၃၈)ဂါလန်၊ ရေဂါလန်(၈၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၂ ၃၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၄၅x၃၀)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ မြေစိုက် ဆီသိုလှောင်ရုံ(၁)လုံး၊ Jindong မီးစက်(5)KV (၂)လုံး၊ အောက်တိန်းဆီပေပါ(၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မောင်ခင်လှ(ခ)ငယ်ချေမှာ ခြေ၊လက်တို့တွင် မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် စစ်တွေပြည်သူဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအေးကျော်၊ မန်နေဂျာ ဒေါ်ခင်ရွှေစန်း၊ အလုပ်သမား မောင်ခင်လှ(ခ)ငယ်ချေ တို့အား စစ်တွေမြို့၊ အမှတ်(၁)မြို့မရဲစခန်းမှ (ပ)၇၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅/၃၃၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။