Latest Announcement
feature-image-290

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၊ အရှေ့မြောက်ရပ်ကွက်၊ ပညာသုခလမ်းတွင် ၃.၃.၂၀၂၃ ရက်နေ့၊ ၀၂ ၄၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်ထွန်းသိန်းဖြူ၏ (၁၅x၁၀)ပေ၊ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း (၁)ထပ် နေအိမ်တွင် ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း ရသေ့တောင်မြို့နယ်မီးသတ်စခန်းမှ ၀၂၅၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ် ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၆) ဦး၊ အရန်(၅)ဦးတို့ဖြင့် ရေဂါလန်(၃၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၃၁၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၅x၁၀)ပေ၊ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်း (၁)ထပ် နေအိမ်(၁)လုံး၊ (၁၅x၈)ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း (၁)ထပ် နေအိမ်(၁)လုံး၊ (၁၅x၁၀)ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း (၁)ထပ် နေအိမ်(၁)လုံး၊ (၁၂x၈)ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း (၁)ထပ် နေအိမ်(၁)လုံး၊ စုစုပေါင်း လူနေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ထွန်းသိန်းဖြူအား ရသေ့တောင်မြို့မရဲစခန်းမှ (ပ)၃/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။