Latest Announcement
feature-image-289

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ/က)ရပ်ကွက်၊ ကျိုက္ကဆံဘုရားလမ်းတွင် ၂.၃.၂၀၂၃ ရက်နေ့၊ ၁၁ ၁၈ အချိန်ခန့်က ပိုင်ရှင် ဦးဝေယံဦး၏ (၁၈x၅၀)ပေ၊ RC(၂)ခန်းတွဲ(၅)ထပ် “Life Plus” ဆေးဝါးနှင့်အလှကုန်ဆိုင်ခန်း၏ အရှေ့/ညာဘက်ခြမ်းတွင် အဖီချထားသည့် (၈x၁၂)ပေ၊ သွပ်မိုး၊ ကွန်ကရစ်ခင်း၊ ကျောက်ပြားကာ ပစ္စည်းသိုလှောင်သည့် အဆောက်အဦအတွင်း မီးစက်နှိုးထားရာမှ မီးစက်အိတ်ဇောအပူကြောင့် အနီးရှိကတ်ထူစက္ကူပုံးသို့ အနည်းငယ်မီးစွဲလောင်နေစဉ် မီးစက်ကို အပြင်သို့စွဲထုတ်ရာမှ အနီးရှိဓါတ်ဆီပုံးမှောက်၍ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သင်္ဃန်းကျွန်း မြို့နယ်မီးသတ်စခန်းမှ ၁၁ ၂၀ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ သန္ဓေ(၂၄)ဦး၊ အရန်(၁၅)ဦး တို့ဖြင့် ရေဂါလန်(၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ ၂၆ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၈x၁၂)ပေ၊ သွပ်မိုး၊ ကွန်ကရစ်ခင်း၊ ကျောက်ပြားကာပစ္စည်း သိုလှောင်သည့် အဆောက်အဦ၏ အမိုးနှင့်အကာ အနည်းငယ်၊ စက်ဘီး(၁)စီး၊ ဓါတ်ဆီ(၁)လီတာ၊ Becko အဲယားကွန်း Outdoor(၁) ကောင်ခွဲ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်တာဝန်ခံ ဦးအောင်ဇော်လင်းအား သင်္ဃန်းကျွန်းမြို့မ ရဲစခန်းမှ (ပ)၇၄/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။