Latest Announcement
feature-image-250

On 20.1.2023 at about 23 25, Shwe Pyi Thar Township fire station received information that the fire broke out at the shop owned by U Aung Min in No 3 ward, Shwe Pyi Thar township, Yangon region. It was investigated that the fire started from the overheated electric frying pan in the shop. 4 fire trucks, 4 water bowsers and 35 fire fighters and 30 auxiliary fire fighters used about 4500 gallons of water to extinguish the fire, and the fire was extinguished at 23 48. Due to the fire, 5 shops and some items inside the shop were lost in the fire. It is known that the Shwepyithar township Police station has opened a case under Section 285 of the Penal Code against U Aung Min, the owner of the shop.

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ခေတ္တာလမ်းတွင် ၂၀.၁.၂၀၂၃ ရက်နေ့၊ ၂၃ ၂၅ အချိန်ခန့်က ပိုင်ရှင် ဦးအောင်မင်း၏ (၆x၈)ပေ၊ Steel Structure (၁)ထပ် ဈေးဆိုင်ခန်းတွင် ဒယ်နီအိုးအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ ၂၃ ၃၄ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၄)စီး၊ သန္ဓေ(၃၅)ဦး၊ အရန် (၃၀)ဦးတို့ဖြင့် ရေဂါလန်(၄၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၂၃ ၄၈ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၆x၈)ပေ၊ Steel Structure (၁)ထပ် ဈေးဆိုင်ခန်း(၅)ခန်းနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်မင်းအား ရွှေပြည်သာမြို့မရဲစခန်းမှ (ပ)၃၀/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။