Latest Announcement
feature-image-242

ပဲခူးတိုင်ဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ လိပ်ပြာကန်ရပ်ကွက်၊ မှော်ကန်(၈)လမ်းတွင် ၁၅.၁.၂၀၂၃ ရက်နေ့၊ ၁၁ ၄၅ အချိန်ခန့်က အိမ်အမှတ်(၉၈၂)ရှိ ပိုင်ရှင် ဦးညီညီဇော်၏ (၄၀x၃၅)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း RC(၂)ထပ် နေအိမ်အောက်ထပ်တွင် 12V ဘတ္ထအိုးအား အင်ဗာတာဖြင့်အားသွင်း ထားရာမှာ ဘတ္ထအိုးတွင်တပ်ထားသော ကလစ်နှစ်ခုထိမိရာမှ ရှော့ဖြစ်၍ မီးပွားထွက်ရာမှ မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ ၁၁ ၅၀ အချိန် သတင်းရရှိသဖြင့် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ပဲခူးနယ်မြေမီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ စုစုပေါင်း အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ် (၆)စီး၊ ရေသယ်ယာဉ်(၄)စီး၊ အထောက်အကူပြုယာဉ်(၂)စီး၊ သန္ဓေ(၅၃)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၈၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၂ ၀၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၄၀x၃၅)ပေ၊ သွပ်မိုး၊ ပျဉ်ခင်း RC(၂)ထပ်နေအိမ်အဆောက်အဦ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးညီညီဇော်အား အမှတ်(၁)နယ်မြေရဲစခန်းမှ (ပ)၂၇/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။