ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ပမ္မတီးရပ်ကွက်၊ နယ်မြေ(၆)၊အိမ်အမှတ်(၁၄၄)တွင် ၁၄.၁.၂၀၂၃ ရက်နေ့၊ ၁၁ ၁၂အချိန်ခန့်က အိမ်ရှင် ဒေါ်အေးအေးမြင့်၏ (၂၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ(၁)ထပ် နေအိမ် အနောက်ရှိ (၂၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်မီးဖိုဆောင်အတွင်းတွင် ရေခဲသေတ္တာ Safe guard အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ ၁၁ ၁၄ အချိန် သတင်းရရှိ သဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ (၁၈)ဦး၊ အရန်(၅)ဦးတို့သည် ရေဂါလန်(၁၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၁ ၃၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ(၁)ထပ်နေအိမ်(၁)လုံးနှင့် (၂၀x၁၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်မီးဖိုဆောင်(၁)လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဒေါ်အေးအေးမြင့်အား မြစ်ကြီးနားမြို့နယ်၊ အမှတ်(၂) နယ်မြေရဲစခန်းမှ (ပ)၆/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အရေးယူထားကြောင်း သိရသည်။


