Latest Announcement
feature-image-240

 မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့၊ စံပြရပ်ကွက်တွင် ၁၃.၁.၂၀၂၃ ရက်နေ့၊ ၁၈ ၃၅ အချိန်ခန့်က ပိုင်ရှင် ဦးဇော်မင်းအောင်၏ (၄၅x၂၄)ပေ၊ သွပ်မိုး၊ ဝါးကာ၊ ဝါးကြမ်းခင်း ကြက်ခြံအဆောက်အဦအဟောင်းတွင် တပ်ဆင်ထားသော လျှပ်စစ်မီတာပုံး အထွက်မိန်းကြိုးမှ ပေါက်ပြဲ၍ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း ကျောက်ပန်းတောင်းမြို့နယ်မီးသတ်စခန်းမှ ၁၈ ၃၇အချိန် သတင်းရရှိသဖြင့် မီးငြှိမ်း သတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ (၂၀)ဦး တို့သည် ရေဂါလန်(၃၂၀၀)ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၁၈ ၄၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၄၅x၂၄)ပေ၊ သွပ်မိုး၊ ဝါးကာ၊ ဝါးကြမ်းခင်း ကြက်ခြံအဆောက်အဦအဟောင်း (၁)လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဇော်မင်းအောင်အား ကျောက်ပန်းတောင်းမြို့နယ်ရဲစခန်းမှ (ပ)၈/၂၀၂၃၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရသည်။