Latest Announcement
feature-image-239

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၃လမ်း၊ ၃၃(B)လမ်းထောင့်တွင် ၁၂.၁.၂၀၂၃ ရက်နေ့၊ ၀၃၀၀ အချိန်ခန့်က အိမ်ရှင် ဒေါ်သန်းမြ၏ (၂၀x၄၀)ပေ၊ RC(၂)ထပ်တွင် အိမ်ငှား ဦးရဲဝင်းထွန်း၏ Mystery (Cake @ Café)ဆိုင် အဆောက်အဦအောက်ထပ် လှေကားခွင်အတွင်းရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးအားမြှင့်စက်တင်ထားသော ခုံမှတဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ ၀၃၀၆ အချိန် သတင်းရရှိ သဖြင့် အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၄၀)ဦးတို့သည် ရေဂါလန်(၂၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၃၂၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် မီးအားမြှင့်စက်(၁)လုံး၊ မုန့်ဖုတ်စက်(၁)လုံး၊ ရေခဲသေတ္တာ(၁)လုံးနှင့် အတွင်းပစ္စည်း အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဦးရဲဝင်းထွန်းအား ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၃) နယ်မြေရဲစခန်းမှ (ပ)၇/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အရေးယူထားကြောင်း သိရသည်။