Latest Announcement
feature-image-222

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၄)ရပ်ကွက်၊ ရန်ပိုင်(၁၀)လမ်း၊ ပရိဘောဂအဟောင်းဆိုင်တွင် ၂၅.၁၂.၂၀၂၂ ရက်နေ့၊ ၀၃ ၃၀အချိန်ခန့်က ပိုင်ရှင်ဦးလှမျိုးအောင်၏ (၂၀x၂၀)ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း(၁)ထပ် ပရိဘောဂအဟောင်းဆိုင်ခန်းတွင် လူစောင့်မရှိဘဲ ခြင်ဆေးခွေမီးထွန်းခဲ့ရာမှ ပရိဘောဂအဟောင်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ ၀၃ ၃၄ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ တောင်ဉက္ကလာပမြို့နယ်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၃၀)ဦး၊ ရန်ကင်းမြို့နယ်အရန် တပ်ဖွဲ့ဝင်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၃၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၃ ၅၄ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၂၀)ပေ၊ သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း(၁)ထပ် ပရိဘောဂအဟောင်းဆိုင်နှင့် ပရိဘောဂပစ္စည်းအဟောင်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင်ဦးလှမျိုးအောင်အား ရန်ကင်းမြို့မ ရဲစခန်းမှ (ပ)၁၈၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။