Latest Announcement
feature-image-221

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာမြောက်ရပ်ကွက်၊ အကွက် အမှတ်(၆၅၁) မျက်ပါးရပ်၊ ၃၇x၃၈လမ်းကြား၊ ၇၇x၇၈လမ်းကြားတွင် ၂၄.၁၂.၂၀၂၂ ရက်နေ့၊ ၁၂ ၄၃ အချိန်ခန့်က ပိုင်ရှင်ဒေါ်စုစု အိမ်ဌားဒေါ်မြတ်မွန်ကျော်၏ (၈x၄၀)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ အထပ်သားပြားခင်း(၃)ထပ်နေအိမ်၏ အပေါ်ထပ်ရှိ အိပ်ခန်းအတွင်း မွေ့ယာပေါ်တွင် တယ်လီဖုန်းအား Extension ကြိုးဖြင့် အားသွင်းထားခဲ့ရာမှ တယ်လီဖုန်းဘတ္ထရီ အပူလွန်ကဲပြီး မွေ့ယာမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှ ၁၂ ၄၅ အချိန် သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၅)စီး၊ သန္ဓေ(၃၅)ဦး၊ အရန်(၇၀)ဦးတို့ဖြင့် ရေဂါလန်(၅၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၂ ၅၆ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၈x၄၀)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ အထပ်သားပြားခင်း (၃)ထပ်နေအိမ်၏ အပေါ်ထပ်(၁)ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ဌားဒေါ်မြတ်မွန်ကျော်အား အမှတ်(၉)မြို့မရဲစခန်းမှ (ပ)၄၆၅/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။