မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကဉ္စဏမဟီရပ်ကွက်၊ ၇၆x၇၇ လမ်းကြား၊ ၃၄(A)လမ်းတွင် ၁၁.၁၂.၂၀၂၂ ရက်နေ့၊ ၀၉ ၂၇ အချိန်ခန့်က ပိုင်ရှင်ဒေါ်ထား၏ (၄၀x၆၀)ပေ၊ RC (၄)ထပ် (MGR Hotel) တတိယထပ်၊ အခန်းအမှတ်(၃၀၁)တွင် Hair Dryer အသုံးပြုပြီး ပလပ်ကြိုးတပ်ထားရာမှ အပူလွန်ကဲပြီး မှန်တင်ခုံပေါ်ရှိ အလှပြင်ပစ္စည်းများမှတစ်ဆင့် တီဗွီသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ ၀၉ ၃၀ အချိန် သတင်းရရှိသဖြင့် မန္တလေးတိုင်းမီးသတ်ဦးစီးမှုးရုံးမှ အုပ်ချုပ်မှုယာဉ်(၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မောရဂီဝါအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကဉ္စဏမဟီအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ စိတ္တမဟီအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၂၀)ဦး၊ အရန်(၂၈)ဦးတို့သည် 3kg မီးသတ်ဆေးဘူး (၃)ဘူး၊ ရေဂါလန် (၃၀၀)ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၀၉ ၄၄ အချိန် မီးငြိမ်းခဲ့ပြီး မီးလောင်မှုကြောင့် မှန်တင်ခုံ၊ တီဗွီ နှင့် အဝတ်အစား အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အခန်းနံပါတ်(၃၀၁)တွင် တည်းခိုနေထိုင်သော မရန်ဖျင်ဖိန်းအား ချမ်းအေးသာစံ မြို့နယ် အမှတ်(၂)မြို့မရဲစခန်းမှ (ပ) ၂၆၂/၂၀၂၂ ၊ ရာဇသတ်ကြီးပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


