Latest Announcement
feature-image-210

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်တွင် ၁၀.၁၂.၂၀၂၂ ရက်နေ့၊ ၀၅ ၁၃ အချိန်ခန့်က ပိုင်ရှင် ဦးစိန်ကျော်မိုး၏ (၄၀x၅၀)ပေ၊ သွပ်မိုး၊ အုတ်ကျွတ်ကာ၊ မြေစိုက် “အောင်ပန်းဝေ” ဘော်ဒါဆောင်တွင် လျှပ်စစ်မီးပလပ်ခုံအပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း နွားထိုးကြီးမြို့နယ်မီးသတ်စခန်းမှ ၀၅ ၁၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၇)ဦးတို့သည် ရေဂါလန်(၄၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၅ ၃၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့်(၄၀x၅၀)ပေ၊ သွပ်မိုး၊ အုတ်ကျွတ်ကာ၊ မြေစိုက်ဘော်ဒါဆောင်(၁)လုံးနှင့် (၄၀x၅၀)ပေ၊ သွပ်မိုး၊ အကာမဲ့၊ မြေစိုက်ထမင်းစားဆောင်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးစိန်ကျော်မိုးအား နွားထိုးကြီးမြို့မရဲစခန်းမှ (ပ)၁၂၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။