
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အနော်ရထာလမ်းနှင့် (၂၂)လမ်းထိပ်၊ လသာကားမှတ်တိုင်အနီးတွင် ၁၉.၁၁.၂၀၂၂ ရက်နေ့၊ ၀၉ ၄၂ အချိန်ခန့်က ယာဉ်မောင်း အောင်ဇော်မျိုး မောင်းနှင်လာသော ဒေဝူးအမျိုးအစား၊ YBS(၂၁) အစိမ်းရောင်ယာဉ်သည် ဘတ္ထရီခေါင်း ချောင်ရာမှ မီးပွားထွက်ပြီး အနီးရှိ ဆိုဖာထိုင်ခုံများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွား၍ ယာဉ်ပေါ်ပါ DCP 3Kg မီးသတ်ဆေးဘူး(၁)ဘူးဖြင့် ကနဦးမီးငြှိမ်းသတ်ခဲ့ပြီး လသာမြို့နယ်မီးသတ်စခန်းမှ ၀၉ ၄၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ လသာအရန်မီးသတ် စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၈)ဦး၊ အရန်(၁၀)ဦးတို့သည် ရေဂါလန် (၂၀၀၀)ခန့် အသုံးပြု ငြှိမ်းသတ်ခဲ့ရာ ၀၉ ၅၄ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် ဒေဝူးအမျိုးအစား၊ YBS(၂၁) အစိမ်းရောင်ယာဉ်(၁)စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း အောင်ဇော်မျိုးအား လသာမြို့မရဲစခန်းမှ ယာဉ်(ပ)၈၃/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။