
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာအုပ်စု၊ ကွင်းကလေးကျေးရွာ၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ်(၃၀/၀)နှင့်(၃၀/၁)အကြားတွင် ၁၈.၁၁.၂၀၂၂ ရက်နေ့၊ ၀၉ ၄၀ အချိန်ခန့်က ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးဝင်းထက်မှ စပယ်ယာ(၁)ဦး နှင့်အတူ မောင်းနှင်လာသော Nissan ဆီဘောက်ဆာ(ဆီမပါ)ဖြူ/စိမ်းယာဉ်သည် ရှေ့လားရာတူ လမ်းဘေးတွင် ရပ်တန့်၍ ကုန်စိမ်းများတင်ဆောင်နေသော Dyna အမျိုးအစား(အဖြူရောင်)ယာဉ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားပြီး လူညပ်နေကြောင်း ဆားမလောက်နယ်မြေမီးသတ်စခန်းမှ ၁၀ ၁၇ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ သန္ဓေ(၆)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်များ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၀ ၄၅အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာ ယာဉ်မောင်းခန်းအတွင်း ညပ်နေသော ယာဉ်မောင်းကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် Dyna ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၅)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)တို့အား လူငယ်ရိပ်မွန်လူမှုကူညီရေးအသင်းယာဉ်(၃)စီးဖြင့် ကျား(၃)ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ မ(၁)ဦးအား မအူပင်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ မ(၄)ဦး တို့အား ဆားမလောက်ဆေးရုံသို့လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီး၊ ဆီဘောက်ဆာယာဉ်မောင်း ဦးဝင်းထက်အား ညောင်တုန်းမြို့နယ်၊ မဲဇလီနယ်မြေရဲစခန်းမှ ယာဉ်(ပ) ၂၇ /၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၈/၃၃၇ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။