Latest Announcement
feature-image-191

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ လိပ်ကမ္ဘာကျေးရွာအုပ်စု၊ ဝဲချောင်း ကျေးရွာတွင် ၁၅.၁၁.၂၀၂၂ရက်နေ့၊ ၁၃ ၀၀အချိန်ခန့်က မောင်းတီးမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျ၍ မြစ်ကမ်းဘေးရှိ ပိုင်ရှင် ဦးခင်ဦး၏ (၆၀x၃၀)ပေ၊ အုပ်ညှပ်၊ သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ခင်း ဆန်စက်ဂိုဒေါင်(၁)လုံး၊ ပိုင်ရှင် ဦးသန်းထွေး၏(၁၅x၁၅)ပေ၊ ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း လူနေအိမ်(၁)လုံး၊ (၃၀x၆)ပေ သံကူကွန်ကရစ် တံတား(၁)စင်း ပြိုကျပျက်စီးမှုဖြစ်ပွားကြောင်း ကန်ကြီးထောင့်မြို့နယ်မီးသတ်စခန်းမှ ၁၃ ၄၀အချိန် သတင်းရရှိ သဖြင့် သန္ဓေ(၁၁)ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် (၆၀x၃၀)ပေ၊ အုပ်ညှပ်၊ သွပ်မိုး၊ ပျဉ်ကာ၊ အုတ်ခင်း ဆန်စက်ဂိုဒေါင်(၁)လုံး၊ (၁၅x၁၅)ပေ၊ ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း လူနေအိမ်(၁)လုံး၊ (၃၀x၆)ပေ သံကူကွန်ကရစ် တံတား(၁)စင်းတို့ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ပြိုကျပျက်စီးသွားသော နေအိမ်၏ မိသားစုဝင် ကျား(၂)ဦး၊ မ(၅)ဦးတို့အား နီးစပ်ရာဆွေမျိုးနေအိမ်များထံသို့ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကူညီရွှေ့ပြောင်းပေးခဲ့ရာ ၁၇ ၂၀အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။