Latest Announcement
feature-image-170


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်၊ အုပ်စု(၃)တွင် ၁၉.၁၀.၂၀၂၂ ရက်နေ့၊ ၁၄ ၅၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်ဟန်ပေါင်၏ (၅၀x၂၀)ပေ၊ ထရံကာ၊ သွပ်ကာ၊ သွပ်မိုး၊ မြေစိုက်(၁)ထပ်၊ စပါးဂိုဒေါင်အဟောင်းဘေးတွင် လူစောင့်မရှိဘဲ အမှိုက်မီးရှို့ထားရာမှ အနီးရှိဝါးထရံသို့ မီးစတင်ကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မိုးကောင်းမြို့နယ်မီးသတ်စခန်းမှ ၁၄ ၅၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ မိုးကောင်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန် (၄၀၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၅ ၃၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၅၀x၂၀)ပေ၊ ထရံကာ၊ သွပ်ကာ၊ သွပ်မိုး၊ မြေစိုက်(၁)ထပ် အဆောက်အဦ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ဟန်ပေါင်အား မိုးကောင်းမြို့မရဲစခန်းမှ (ပ)၈၆/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။