ရှမ်းပြည်နယ်၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ဈေးတန်းရပ်ကွက်တွင် ၁၈.၁၀.၂၀၂၂ ရက်နေ့၊ ၀၁ ၁၆ အချိန်ခန့်က ပိုင်ရှင် ဒေါ်မိုးမိုးအေး၏ (၄၀x၃၀)ပေ၊ သွပ်မိုး၊ အုပ်ညှပ်(၂)ထပ်နေအိမ်တွင် ရေခဲသေတ္တာ အပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မောက်မယ်မြို့နယ်မီးသတ်စခန်းမှ ၀၁ ၂၀ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၂၀)ဦးတို့သည် ရေဂါလန် (၃၂၀၀) အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၁ ၃၅အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၄၀x၃၀)ပေ၊ သွပ်မိုး၊ အုပ်ညှပ် (၂)ထပ်နေအိမ်၏ အပေါ်ထပ်ကြမ်းခင်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင်ဒေါ်မိုးမိုးအေး အား မောက်မယ်မြို့နယ်ရဲစခန်းမှ (ပ) ၄/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


