မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာအုပ်စု၊ လက်ကောင်းကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်ကားလမ်း(အဆင်းလမ်း)တွင် ၈.၁၀.၂၀၂၂ရက်နေ့၊ ၀၈ ၂၂ အချိန်ခန့်က မိုးရွာသွန်းမှုကြောင့် လုံးပတ်(၃)ပေခန့်၊ အရှည်(၄၀)ပေခန့်ရှိ အော်ရေးရှားပင်သည် အောက်ခြေမြေသားပျော့ကာ အမြစ်မှကျွတ်ထွက်ပြီး လမ်းပေါ်သို့လဲကျ၍ လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ သတင်းရရှိသဖြင့် မန္တလေးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦး၊ ပုသိမ်ကြီးမြို့နယ်မီးသတ်စခန်းမှ သန္ဓေ(၅)ဦး၊ အုန်းချောအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ် ယာဉ်(၁)စီး၊ အရန်(၄)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၀၉ ၀၀ အချိန်တွင် ဆောင်ရွက်ပြီးကြောင်း၊ အဆိုပါ သစ်ပင်လဲကျမှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။


